Home » » ကုလသမဂ္ဂ အကူအညီပေးရေး အဖွဲ့အစည်းများ ကချင်ဒေသများသို့ ဝင်ရောက်ခွင့်ရပြီ

ကုလသမဂ္ဂ အကူအညီပေးရေး အဖွဲ့အစည်းများ ကချင်ဒေသများသို့ ဝင်ရောက်ခွင့်ရပြီ


အစိုးရနှင့် လက်နက်ကိုင် ကချင်တပ်ဖွဲ့တို့ အကြား စစ်ပွဲအရှိန် မြင့် တက်လာခဲ့ပြီး နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် ကုလသမဂ္ဂကူညီ မှုအဖွဲ့အစည်းများကို ကချင်စစ်ဘေး သင့်ဒေသများသို့ သွားရောက် ခွင့်ပြုမည် ဖြစ်ကြောင်း၊ မြန်မာ အစိုးရ အရာရှိများက ဖေဖော်ဝါရီ ၆ ရက်တွင် ထုတ်ဖော်ပြောကြား လိုက်သည်။
 
သမ္မတရုံး ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်က အဆိုပါ သတင်းကို အတည်ပြုပြောကြားပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါ အဖွဲ့များတွင် လိုက်ပါမည့် သူများ၊ ဆောင်ရွက်မည့် လုပ်ငန်းစဉ် များနှင့် လုံခြုံရေးတာဝန်ခံမည့်သူများ ကိစ္စကိုမူ ဆွေးနွေး တိုင်ပင်ရဦးမည် ဖြစ်ကြောင်း၊ အီးမေးလ်ဖြင့် ပြန်လည် ဖြေကြားချက်တွင် ဦးရဲထွဋ်က ရေး သားဖော်ပြခဲ့သည်။ ကုလသမဂ္ဂ အဖွဲ့အစည်း ကိုယ်စားလှယ်ပြောရေး ဆိုခွင့်ရှိသူ ဦးအေးဝင်းက တိုက်ပွဲ အရှိန်မြင့်တက်လာခဲ့သော ဒီဇင်ဘာ လနောက်ပိုင်းတွင် ပထမဆုံး အကြိမ်အဖြစ် လူမှုရေး အထောက်အကူများ ပေးအပ်ခွင့် ရရှိခြင်းမှာ အဓိပ္ပာယ် လေးနက် လှကြောင်း ပြောကြားသွားခဲ့သည်။

ကုလသမဂ္ဂ အဖွဲ့အစည်းများသည် ကချင်ပြည်နယ် ဒေသများအတွင်းသို့ ၂ဝ၁၂ ခုနှစ်၊ ဇူလိုင်လ နောက်ပိုင်းမှ စ၍ သွားရောက်ခွင့် မရရှိခဲ့ပေ။

ကချင်ပြည်နယ် ပဋိပက္ခသည် တင်းကျပ်သော စစ်အုပ်ချုပ်ရေး လက်အောက် ရာစုနှစ်ဝက်ခန့်ကြာ မြင့်ခဲ့ပြီးမှ လွတ်မြောက် လာပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများကို အကောင်အထည်ဖော် ဆောင်ရွက်နေဆဲ မြန်မာ နိုင်ငံ၏ တိုးတက် ဖြစ်ပေါ်မှု များ အပေါ် အရိပ်မည်းထိုးလျက် ရှိနေပေသည်။
Ref: Myanmar to allow UN Aid deliveries to Kachin State AP
Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG